slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Sunday, August 10, 2014

မြန်​မာနိုင်​ငံအပါအ၀င်​ အ​ရှေ့​တောင်​အာရှနိုင်​ငံများတွင်​ ငလျင်​လှုပ်ခတ်​မှုဖြစ်​စဉ်​များ ဖြစ်​​ပေါ်

မြန်မာနိုင်ငံ မိုးကောင်းကင်တွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း တစ်ကြိမ်သာဖြစ်ပေါ်သည့် Super Moon ဖြစ်စဉ် ၂၀၁၄ ခုနှစ် သြဂုတ် ၁၀ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီ ၅၅ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။

အဆိုပါ Super Moon ဖြစ်စဉ်သည် မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံများ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများ၌ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း သိရသည်။ ထို့ပြင် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၁၅ မိနစ်နဲ့ တောင်လတ္တီတွဒ် ၁၁ ဒီဂရီ ၁၄ မိနစ်ဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ကာ ယင်းဖြစ်စဉ် ဖြစ်ပေါ်မည့် အချိန်တွင် လနှင့်ကမ္ဘာသည် မိုင်ပေါင်း ၂၂၁၈၁၄ မိုင် အကွာအဝေးရှိမည်ဖြစ်သည်။

ယင်းဖြစ်စဉ်သည် တစ်နှစ်တွင် တစ်ကြိမ်သာဖြစ်ပေါ်ပြီး ယခုနှစ်တွင် ၀ါခေါင်လပြည့်နေ့နှင့် တိုက်ဆိုင်ကာ တစ်နှစ်တာမှာရှိသော လပြည့်နေ့တွေမှာ တစ်ကြိမ်သာဖြစ်ပေါ်နိုင်သော ဖြစ်စဉ်ဖြစ်သည်။ သြဂုတ် ၁၀ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာ့မိုးကောင်းကင်ရှိလကို ကြည့်မည်ဆိုပါက လကို အရွယ်အစားကြီးမားစွာ တွေ့ရမည် ဖြစ်သည်။

“Super Moon က တစ်နှစ်တစ်ကြိမ် ဖြစ်ပေါ်ပါတယ်။ တစ်နှစ်တစ်ကြိမ်ဖြစ်တိုင်း ငလျင်လှုပ်ရမယ်လို့တော့ ပုံသေယူဆလို့မရဘူး။ ၂၀၁၄ သြဂုတ် ၁၀ ရက် ဖြစ်မယ့် Super Moon ကိုကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆူနာမီပါတဲ့ငလျင် ဖြစ်ပေါ်နိုင်တဲ့အကြောင်းကို သတင်းထုတ်ပြန်ရတဲ့ အကြောင်းအရင်းကတော့ မြန်မာ့မိုးကောင်ကင်မှာ ဖြစ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း သတိပြုသင့်တယ်လို့ ယူဆတာကြောင့် သတင်းထုတ်ပြန်ရတာပါ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယင်းအပြင် သြဂုတ်လအတွင်း၌ ထူးခြားသည့် ဂြိုဟ်ဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်မည်ဖြစ်ပြီး သြဂုတ် ၁၈ ရက်တွင် မြန်မာ့မိုးကောင်းကင်ပေါ်တွင် ကြာသပတေးနှင့် သောကြာဂြိုဟ် ဂြိုဟ်စစ်ထိုးသည့် ဖြစ်စဉ်နှင့် သြဂုတ် ၂၇ ရက်တွင် အင်္ဂါနှင့် စနေဂြိုဟ်စစ်ထိုးသည့် ဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်မည်ဖြစ်သည်။ အဆိုပါ ဂြိုဟ်စစ်ထိုးမှု များမှာလည်း ငလျင်ဖြစ်ပေါ်စေနိုင်သော ဂြိုဟ်စစ်ထိုးမှုများဖြစ်ကြောင်းလည်း ဦးဇေယျာကိုက ဆိုသည်။

စနေဂြိုဟ်သည် ဗြိစ္ဆာရာသီနှင့် ဓနုရာသီ၌ ရောက်ရှိနေသောအချိန်ကာလ ဖြစ်ပါက ကြီးမားသော အင်အားပြင်းငလျင် လှုပ်ခတ်မှုများဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံတွင် ကြီးမားသော ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့် ပဲခူးငလျင်၊ စစ်ကိုင်းငလျင် နှင့် ပုဂံငလျင်များသည် စနေဂြိုဟ် ဗြိစ္ဆာနှင့် ဓနုရာသီကြား ရောက်ရှိနေခြင်းဖြစ်သည်။

သြဂုတ်လအတွင်း ဂြိုဟ်စစ်ထိုးမည့် စနေဂြိုဟ်၏ ရပ်တည်မှုမှာ ၂၀၁၄ ဒီဇင်ဘာလအထိ တူရာသီတွင် ရပ်တည်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ ဗဟိုပြုသည့် အင်အားပြင်းငလျင် မလှုပ်ခတ်နိုင်ဘဲ ပတ်ဝန်းကျင်နိုင်ငံများကိုသာ လှုပ်ခတ်နိုင်ကာ မြန်မာနိုင်ငံသို့ အထိုက်အလျောက် အကျိုးသက်ရောက်မည် ဖြစ်သည်။

ထို့ပြင် ၂၀၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီငလျင် ၂၀၁၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဂျပန်ငလျင်တို့သည့် Super Moon ဖြစ်စဉ်နှင့် တိုက်ဆိုင်ခဲ့ကြောင်းလည်း သိရသည်။ ငလျင်အန္တရာယ်ကို သြဂုတ် ၁၀ ရက် မှ ၂၇ ရက်အထိ သတိပြုရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ခြောက်နှစ်တာကာလအတွင်း အင်အားပြင်း ငလျင်ကြီးများ အနည်းဆုံးတစ်ကြိမ် လှုပ်ခတ်မည်ဖြစ်သည်။
Credit EMG

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...