slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, October 18, 2014

သမီးအရင်းနှစ်​ဦးက မိခင်​ဖြစ်​သူကို ကြိုးတုပ်ပြီးေ​ရွှထည်​နှင့်​ ​ငွေများ လုယက်

ရန်​ကုန်​ ​အောက်​တိုဘာ ၁၆
လှိုင်သာယာမြို့နယ် အမှတ် (၇) ရပ်ကွက် အောင်မင်္ဂလာ ၁ လမ်းတွင် အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက အသက် ၆၉ နှစ်အရွယ်ရှိ မိခင်ဖြစ်သူကို သမီးအရင်းနှစ်ဦးက ထိုင်ခုံတွင် ကြိုးဖြင့် ချည်နှောင်ကာ တန်ဖိုး ငွေကျပ် ၁၃ သိန်း နီးပါးရှိ ရွှေထည်ပစ္စည်းများနှင့် ငွေများ လုယက်ထွက်ပြေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

အဆိုပါ လုယက်ထွက်ပြေးသူဟု တိုင်ကြားခံရသူ အမျိုးသမီးနှစ်ဦးမှာ အသက် ၃၀ နှစ်အရွယ် သမီးကြီး မတင်တင်အေးနှင့် အသက် ၂၈ နှစ် အရွယ်ရှိ သမီးငယ် မအေးအေးသန်းတို့ ဖြစ်ပြီး ၎င်းတို့က နေမကောင်း ဖြစ်နေသော မိခင်ကို ယင်းနေ့ နံနက်က နေအိမ်ရှေ့ခန်းတွင် ဆေးလိမ်းပေးခဲ့ကြောင်း၊ ယင်းနောက် မိခင်၏ ဦးခေါင်းကို အင်္ကျီဖြင့်အုပ်ကာ နှစ်ပင်လိမ် ဝါယာကြိုးဖြင့် ခြေလက်များကို ထိုင်ခုံနှင့် ပူးတွဲချည်နှောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများ လုယက်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အခု လုယက်ထွက်ပြေးခဲ့တဲ့ သမီးနှစ်ယောက်က အမေနဲ့ အတူမနေဘဲ အိမ်ခွဲနေတာ ငါးနှစ်ကျော်ပြီ။ အမေ နေမကောင်းဘူး သတင်းကြားလို့ ဆိုပြီး အိမ်ရောက်တာ သုံးရောက်မြောက်နေ့မှာ လုခဲ့တာ။ အမေက အော်ဟစ် အကူအညီ တောင်းသံကြားလို့ ဘေးအိမ်က ကလေးတွေက ကြိုးတက်ဖြေပေးခဲ့ရတာ” ဟု အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဝင်းက ရှင်းပြသည်။

လုယက်ခံရသူ ဒေါ်ခင်စန်းမှာ အငယ်ဆုံးသား ဖြစ်သူနှင့် အတူနေထိုင်ပြီး သားနှင့် ချွေးမတို့ အလုပ်သွားစဉ် သမီးအရင်းနှစ်ဦးက မိခင်ကို ကြိုးတုပ်ချည်နှောင်ပြီး ရွှေဆွဲကြိုး၊ ရွှေဆွဲသီး၊ ရွှေလက်ကောက်နှင့် အိပ်ရာခင်းအောက်တွင် သိမ်းဆည်းထားသော ငွေကျပ် ၁၉၀,၀၀၀ တို့ကို လုယက်ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“သူ့အမေဆီကို သမီးနှစ်ယောက်က ငါးနှစ်ကျော်ပြီ။ တစ်ခါမှ မလာဖူးဘူး၊ သူတို့နှစ်ယောက် ဘယ်မှာနေလဲ ဆိုတာလည်း သူတို့မိသားစုချင်း မသိကြဘူး၊ အရင် ဖော့ကန်မှာ နေတယ်ဆိုလို့ မနေ့က ရဲတွေ သွားစုံစမ်းပေမယ့် မတွေ့ခဲ့ဘူး” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ လုယက်မှုကို လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၁၅၂၁/ ၁၄၊ ပုဒ်မ ၃၈၂/ ၃၄၂ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။
Credit-the voice weekly

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...