slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, October 18, 2014

စာချုပ်​မပါ​သော ဆင်းမ်​ကတ်​​ပျောက်​ဆုံးခြင်း ပြန်​လည်​​လျှောက်​ထားနိုင်

နေရာအချို့တွင် ရောင်းချနေသည့် စာချုပ်မပါသော ဆင်းမ်ကတ်များ ပျောက်ဆုံးပါက ပြန်လည်လျှောက် ထားနိုင်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ်များ ရောင်းချရာတွင် အချို့မှာ စာချုပ်မပါဝင် ဘဲ ရောင်းချနေကြောင်း၊ ဆင်းမ်ကတ်ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားလိုပါက လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။ ထိုသို့လျှောက်ထားလိုပါက မပျောက်ဆုံးမီ နောက်ဆုံးခေါ်ယူထားသည့် ဖုန်းခေါ်ထားမှုသုံးကြိမ်ကို ပြသလျှောက်ထားနိုင်ကြောင်း၊ မှတ်ပုံတင်မူရင်း၊ မိတ္တူ တို့နှင့် သက်ဆိုင်ရာ ဆက်သွယ်ရေး အိတ်ချိန်းရုံးတွင် သွားရောက်လျှောက်ထား နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ် ပျက်စီး၊ ပျောက်ဆုံး လျှောက်ထားခြင်းကို ဗိုလ်အောင်ကျော်လမ်း၊ စာတိုက်ကြီးအနီးရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ချထားခဲ့သော ဆင်းမ်ကတ်များကိုသာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ သိရှိရသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆင်းမ်ကတ် ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် သက်ဆိုင်ရာနေရာရှိ ဆက်သွယ်ရေးရုံးများတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Credit To- Internet Journal

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...