slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, April 2, 2016

အသုပ်တစ်ပွဲမှ ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးလေးများ

အသုပ်…။
အသုပ်လက်ရာကောင်းတဲ့ အိမ်ရှင်မတွေကို၊ လင်ယောကျာ်းတွေက အချစ်ပိုတယ်လို့ 
ရှေးလူကြီးများက
ဆိုထားကြပါတယ်။ ကျွန်မတို့ မြန်မာပါးစပ်ကတော့ အသုပ်ဆိုရင် အမျိုးသမီး
အမျိုးသား ကလေး လူကြီး အားလုံး ကြိုက်ပြီးသားဖြစ်ပါတယ်။ အစပ်
မစားသူတွေအတွက်ကတော့ ငရုပ်သီးကို လိုအပ်သလို ဖယ်လိုက်
လျော့လိုက်ရင်အဆင်ပြေသွားမှာပါ။ တစ်နေ့ တစ်နေ့  ဘာ ချက်စားရမလဲ
အကြံအိုက်နေသူများအတွက် ကျန်းမာစေဖို့  အသုပ်စားကြပါလို့ 
တိုက်တွန်းလိုပါတယ်။ အသီးအရွက်
အသုပ် ကလေးတွေက အိမ်ရှင်မတွေအတွက် ထမင်းဝိုင်းလည်း မြိန်စေ၊ ဈေးဖိုးလည်း
ချွေတာစေဖြစ်ပါတယ်။ အိမ်မှာသုပ်စားတဲ့ အတွက်ကြောင့်လည်း ၀ယ်စားရတာလောက်
ဈေးမကြီးဘဲ လုံလုံလောက်လောက် စားနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသုပ်ဆိုသည်မှာ…..။
Louisiana State University ဟု အမည်ရသော အမေရိကန်ပြည်ထောင်စုမှ
ကျန်းမာရေးသုတေသီများ၏ လေ့လာစမ်းစစ်မှု မှတ်တမ်းများအရ၊ *လ*တ်လတ်ဆတ်ဆတ်
အစိမ်းရောင် အရွက်များများပါတဲ့ ဟင်းရွက်စုံသုပ်တစ်ပွဲထဲမှာ အသီးအရွက်မှ
ရရှိတဲ့ သဘာဝအာဟာရဓာတ်များဖြစ်ကြတဲ့ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ်၊ အယ်လ်ဖာ၊
ဘီတာကယ်ရိုတင်း၊
လိုက်ဆိုပင်၊ ဗီတာမင် အီး စတဲ့ဓာတ်တွေကို ရရှိစေနိင်တာကြောင့် အသီးအရွက်
များများစားသူတွေမှာ သွေးလည်ပတ*် *စီ*း*ဆင်းမှုအား ကောင်းမွန်စေ ကြောင်း
သိရှိရပါတယ်။ ၄င်းစမ်းသပ်မှုကို Louisiana State University မှ လူဦးရေ ၁၇၅၀၀
ဖြင့် လေ့လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသုပ်စုံဟင်းလျာထဲမှာ အသီးအရွက်
အမယ်စုံများလေ၊ ကျန်းမာရေးနဲ့ ပို၍ ညီညွတ်လေပါဘဲ။ သို့ သော် အော်ဂဲနစ်
ပစ္စည်းများကိုသာ ရွေးချယ်တတ်ဖို့ လိုပါတယ်။
နေ့ စဉ် ထမင်းစား မီနူးစာရင်းထဲမှာ အသုပ်ဟင်းလျာတစ်ခွက် ပါအောင်စားခြင်းဟာ
ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်း ဖြစ်စေတာ အမှန်ပါ။ ဟင်းသီးဟင်းရွက် နဲ
့သစ်သီးဝလံတွေကို အစိမ်းလိုက် အသုပ်သုပ်စားခြင်းက လူကို
ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့
အပြင်၊ ကျန်းမာ၍ အသက်ရှည်ရှည် နေနိုင်မှာဖြစ်ပါတယ်။ သို့ သော်
မိမိရွေးချယ်လိုက်တဲ့ ဟင်းရွက်သစ်သီးများဟာ သန့် ရှင်း လတ်ဆတ်ပြီး၊
ဓာတုဆေးဝါးများကင်းစင်တဲ့ ပစ္စည်းဖြစ်ဖို့ လိုပါတယ်။ သတိပြုရန်မှာ
မိမိပြင်ဆင်တဲ့
အသုပ်ထဲမှာ ထည့်ဝင်ပစ္စည်း အမျိုးစား နှင့် အချိုးအစား ပမာဏပေါ်မူတည်၍
အာဟာရတန်ဖိုးရရှိမှုမှာလည်း မတူညီနိုင်ပါဘူး။ အကယ် အသုပ်ထဲမှာ ပရိုတင်း
ဓာတ် ကြွယ်ဝတဲ့
ချိစ်(သို့ )မရောနိစ်(သို့ )အစေ့အဆံတွေ ပါဝင်မှုများပြားနေခဲ့ရင်
ကယ်လိုရီများသွားပြီမို့  ကျန်းမာရေးနဲ့  မညီ ညွတ်နိုင်တော့ပါဘူး။
အမေရိကန်ပြည်ထောင်စုရှိ the National Cancer
<http://www.webmd.com/cancer/rm-quiz-cancer-myths-facts> Institute မှ
အကြံပြုချက်များအရ၊ ကင်ဆာဝေဒနာ ခံစားနေရသော လူနာ များကို (က)
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ ကို ရံဖန်ရံခါမျှသာ စားသောအုပ်စု၊ (ခ)
ဟင်းသီးဟင်းရွက် တစ်မျိုးတည်း ကိုသာ တစိုက်မတ်မတ် စားသောအုပ်စု (ဂ)
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ နှစ်မျိုးစလုံးကို နေ့ တိုင်းနီးပါး
စုံစုံလင်လင်
စားသော အုပ်စုဟူ၍ အုပ်စု ၃-စုခွဲ၍ လေ့လာခဲ့ရာ၊ ၄င်းနှစ်မျိုးစလုံးကို
စုံလင်စွာစားသူတွေမှာ ဦးနှောက်ကင်ဆာ နှင့်  လည်ပင်း ကင်ဆာ
ဖြစ်နိုင်ခြေအလားအလာ လျော့ကျသွားကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။
၎င်းစမ်းသပ်မှုတွင် အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့ အမျိုးမျိုး၊
ပန်းငရုပ်ပွ၊ ငရုပ်သီးစိမ်း၊ ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊
မုန်လာဥနီ၊ ပန်းသီး၊ ဇီးသီး၊ ပန်းသစ် တော်သီး၊ စတော်ဘယ်ရီသီး၊ မက်မွန်သီး တို
့ပါဝင်တယ် လို့ သိရပါတယ်။
အသုပ်စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုး ကျေးဇူးများမှာ….။
(၁) ကိုယ်အလေးချိန်ကျစေပါတယ်။
ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ ကိုယ်အလေးချိန်ကျလိုသူများဟာ
ထမင်းဝိုင်းမှာ ဟင်းရွက်စုံသုပ် တစ်ပန်းကန် ဖြင့် ဦးစွာပထမ
ဝမ်းဖြည့်ထားသင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဟင်းသီးဟင်းရွက်ထဲမှာပါရှိတဲ့
အမျှင်ဓာတ်က လူကိုဗိုက် ပြည့်သွားစေပြီး၊ ဆာလောင်မှုကို အာသာပြေသွားကာ နောက်ထပ်
အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာကြောင့် ၀ိတ်တက်မှာကို စိတ်မပူရတော့ပါဘူး။
(၂) ခံတွင်းမြိန်စေပါတယ်။
ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံတို့ ရောပြွမ်းထားတဲ့ အသုပ်စုံတစ်ခွက်ရဖို
့အတွက် လှီးချွတ်ပြင်ဆင်ရတာ အတန်ငယ် ကရိ ကထများသော်လဲဘဲ၊ ထိုအသုပ်ထဲရှိ
အရောင်စုံအမျိုးစုံလင်လှသော ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်
ဝါးစားရတာကြောင့် လူကို ခံစားမှု အပြောင်းအလဲဖြစ်ကာ ခံတွင်းမြိန်
ထမင်းမြိန်စေပြီး
အာဟာရ ဖြစ်စေပါတယ်။
(၃)ကယ်လိုရီ ကျစေပါတယ်။
ဟင်းသီးဟင်းရွက်တွေကို ဆီဖြင့်မကြော်ဘဲ သုပ်စားတဲ့အတွက်ကြောင့် လူကို
ကယ်လိုရီကျစေပြီး၊ ကိုယ်အလေးချိန်ကျစေဖို့  ကိုလည်း အထောက်အပံ့ဖြစ်ပါတယ်။
အသုပ်ထဲကို သံလွင်ဆီဖြင့် သုပ်ခြင်း၊ ထောပတ်သီးပါးပါးလှီး၍ထည့်ခြင်း၊ lycopene
ဓာတ်ပါသော ခရမ်းချဉ်သီးထဲ့ခြင်း၊ lutein ဓာတ်ပါသော အစိမ်းရင့်ရောင်
ဟင်းရွက်များလှီး၍ ထည့်ခြင်း၊ သံဓာတ်ပါသော ဟင်းနု နယ်ရွက်ကို ရေနွေးဖြော၍
ထည့်ခြင်း စသဖြင့် အထူးတလည် အမယ်စုံအောင် ပြင်ဆင်စားသုံးနိုင်မယ်ဆိုရင်
ကယ်လိုရီကျ စေသော ဟင်းလျာတစ်ခွက်ကောင်းကို ရရှိနိုင်ပါပြီ။
လေ့လာစမ်းစစ်မှုမှတ်တမ်းများအရ၊ အစိမ်းရောင် ဟင်းရွက်စုံသုပ် ၁ ဇလုံကို တထိုင်
တည်းစားခြင်းက ကယ်လိုရီ ၁၅၀ ကျစေကြောင်း၊ အစိမ်းရောင်
ဟင်းရွက်စုံသုပ်ဟင်းလျာကို
နံက်စာ-နေ့ လည်စာ-ညစာ နှုန်းဖြင့် ၃ ကြိမ်စားခြင်းက ကယ်လိုရီ ၁၀၀ ကျစေကြောင်း
အကြံပြုထားပါတယ်။ ဆောင်ပုဒ်က *"bigger is better"* ပါတဲ့။ ဆိုလို သည်မှာ *“
ကယ်လိုရီများများကျလေ ကျန်းမာရေးအတွက် ပိုကောင်းလေ”* ဖြစ်ပါတယ်။
(၄) အမျှင်ဓာတ်တွေ ရရှိနိုင်ပါတယ်။
အမျှင်ဓာတ်ပါသော ဟင်းရွက်စုံသုပ်တစ်ပွဲက ကိုလက်စထရောကိုကျစေကာ၊
ဝမ်းချုပ်ခြင်းကိုလည်း ပြေလျော့စေပါတယ်။ တနည်းအားဖြင့်ဆိုသော် အမျှင်ဓာတ်က
ကိုယ်အလေးချိန်ကျခြင်း၊ အူသိမ်အူမများကို သန့် စေခြင်း၊ ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေကို ရှင်းလင်းပေးခြင်း စသဖြင့် ကောင်းကျိုးပြုပေးပါတယ်။
(၅) အကောင်းဆုံး သွားရည်စာဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက် အသုပ်စုံဆိုတာ နေ့ လည်စာ၊ ညစာတို့ လို ထမင်းဖြင့် စားဖို
့သက်သက် ဟင်းလျာ မျှသာဟု မယူဆင့်ပါဘူး။ ဥပမာ ကွတ်ကီး (သို့ ) အာလူးကြော် (သို
့)
ဒိုးနတ်မုန့် တို့ မစားဘဲ၊ မြင်းခွာရွက်သုပ် (သို့ ) ဂျင်းသုပ် (သို့ )
မိုးကျလ္ဘက်သုပ်
(သို့ ) ပဲကတ္တီပါသုပ် (သို့ ) ဌက်ပျောဖူးသုပ် (သို့ ) ပဲပင်ပေါက် ပဲပြားသုပ်
(သို့ ) ထမင်းသုပ် (သို့ ) မုန့် ဖတ်သုပ် (သို့ ) မဲဇလီဖူးသုပ် (သို့ )
သင်္ဘောသီးသုပ် (သို့ ) ရှောက်သီးသုပ် (သို့ ) ကျောက်ပွင့်သုပ် (သို့ )
အာလူးပြုတ်သုပ် (သို့ ) ရေညှိစိမ်းသုပ် တို့ ကို စားပေးခြင်းက ကျန်းမာရေး
နဲ့ ညီညွတ်သော
အဆာပြေ သွားရည်စာများ ဖြစ်ပါတယ်။
(၆) အာဟာရစုံ ရနိုင်ပါတယ်။
မည်သည့် အသုပ်မျိုးဖြစ်ပါစေ အသုပ်တစ်ပွဲမှာ အခြေခံအားဖြင့် ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ မန်ကျည်းသီးအနှစ်၊ ငရုပ်သီးစိမ်း၊ သံပုရာရည် (သို့ )ရှောက်ရည်၊
ရှောက်ရွက် တို့ ပါရှိကြစမြဲဖြစ်ပါတယ်။ ဥပမာ မြင်းခွာရွက်သုပ်တစ်ပွဲရဖို
့အတွက်၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ နံနံပင် တို့ ကို ထည့်ပေးရပါမယ်။ သို့ မဟုတ်
မိမိပြင်ဆင်သော အသုပ်ပွဲ အမျိုးအစားပေါ်မူတည်ပြီး ဆလပ်ရွက်၊ အာလူး၊ သခွားသီး၊
မုန်လာဥနီ၊ ပူစီနံရွက်၊ ပင်စိမ်းရွက်၊ ပဲပင်ပေါက် စသဖြင့် စီမံထည့်ဝင်ရပါမယ်။
ဟင်းသီးဟင်းရွက်တွေမှာ သူ့  တစ်မျိုးချင်းစီအလိုက် သဘာဝအလျောက်
ကျန်းမာရေးအာနိသင် ပါရှိနေကြပြီး၊ ၄င်းဟင်းသီးဟင်းရွက် နဲ့  သစ်သီးသလံတွေကို
ရောစပ်၍ အသုပ်စုံ လုပ်စားခြင်းဖြင့် အမျိုးမျိုးအဖုံဖုံသော
ကျန်းမာရေးအာနိသင်တွေကို ထမင်းတစ်နပ်စာထဲမှာပင် ရရှိသွားမှာ ဖြစ်ပါတယ်။
(၇) အသီးအနှံမကြိုက်သူတွေအတွက် အဆင်ပြေစေပါတယ်။
အသီးအနှံ မကြိုက်သူများ နှင့် ရံဖန်ရံခါမှသာ စားလေ့ရှိသူများဟာ
ဟင်းရွက်စုံသုပ်ကို ထမင်းနဲ့ တွဲဖက်၍သော်လည်းကောင်း၊ သွားရည်စာ အဆာပြေ
အသုပ်လုပ်စား၍သော်လည်းကောင်း အချိန်ယူစီမံ၍ စားပေးသင့်ပါတယ်။ ဒါမှသာ
အပင်မှရတဲ့ သဘာဝ ဓာတ်တိုးဆန့် ကျင်ပစ္စည်းလေးများက ခန္ဓာကိုယ်ထဲရှိ
လူကိုဘေးဥပါသ်ဖြစ်စေတတ်တဲ့ free radicals မော်လီကျုးများ အန္တရာယ်မှ
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုသော် ကျွဲကောသီးမကြိုက်ပါက
သုပ်စား၍ သော်လည်းကောင်း၊ ထောပတ်သီး မကြိုက်ပါက အသုပ်စုံထဲမှာ
ခပ်ပါးပါးလှီးထည့်၍သော်လည်းကောင်း ရောပြွှမ်း၍ ထည့်စားပေးနိုင်ပါတယ်။
(၈) သဘာဝအဆီဓာတ်ကို ရရှိစေပါတယ်။
ကျန်းမာရေးအတွက် ညီညွတ်တဲ့ အသုပ်ဖြစ်ဖို့ အတွက်ဆိုရင် သံလွင်ဆီကိုသာ
ဦးစားပေးရွေးချယ်ရမှာပါ။ အဘယ်ကြောင့်ဆိုရင် သံလွင်ဆီဖြင့်နယ်ဖတ်ထားသော
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစုံကို ၀ါးစားမျိုချလိုက်တဲ့အခါ၊
၎င်းအရောအနှောများဟာ ခန္ဓာကိုယ်ထဲက အပူရှိန်ဖြင့် ကောင်းစွာချက်လုပ်ပြီး၍
ဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်ကြီးက phyto-chemicals တွေကို ကာကွယ်
ပေးနိုင်တာမို့ ခံရခက်တဲ့ ကင်ဆာရောဂါဆိုးတွေမှ ကင်းဝေးစေနိုင်ပါလိမ့်မယ်။
အကယ်၍အသုပ်ထဲမှာ
ဆီသုံးတာ များနေမယ် ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်နိုင်တော့ပါဘူး။
ဆီများများစားသုံးခြင်းက ကင်ဆာရောဂါနဲ့  နှလုံးရောဂါကို ဖြစ်စေနိုင်လို့ 
အထူးသတိပြုပါ။
*(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)*

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...