slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, April 2, 2016

အပန်းဖြေခရီးထွက်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

ခရီးသွားခြင်းနဲ့ ပတ်သက်လို့ ကတော့ မြန်မာနိုင်ငံမှာ ပွင့်လင်းလာတဲ့
ခရီးစဉ်သစ်များစွာနဲ့ အတူ နိုင်ငံအနှံ့ ခရီးစဉ်သစ် များစွာ ကလည်း
ပေါ်ထွန်းလာခဲ့ပါတယ်။ လှပလွန်းတဲ့ကျွန်းစုများအပါအ၀င် ပြည်နယ်နဲ
့တိုင်းအသီးသီးက လှပလွန်းတဲ့နယ်မြေတွေ၊ လည်ပတ်စရာတွေကလည်း
အများအပြားပေါ်ထွက်လာပါတယ်။ တစ်ခါတစ်ရံမှာ မိမိ ချစ်ခင်ရတဲ့မိသားစု (သို
့မဟုတ်) သူငယ် ချင်း မိတ်ဆွေများနှင့် အချိန်ပေး၍
အပန်းဖြေခရီးထွက်သင့်ပါတယ်။ ထိုသို့ အပန်းဖြေခရီးထွက်ခြင်းဖြင့်
ပုံမှန်လည်ပတ်နေသော ဘ၀ပုံစံမှ ခေတ္တအနားရ၍ အောက်ပါရလဒ်ကောင်းများကို
ခံစားရရှိ နိုင်ပါလိမ့်မယ်။
(၁) ခရီးမထွက်ခင်ကတည်းကပင် ကြိုတင်မျှော်မှန်း၍ ပြင်ဆင်ရတာကြောင့်
ပျော်ရွှင်မှုကိုခံစားရပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။
(၂) ခရီးအတူတူထွက်ခြင်းဖြင့် မိသားစုဝင်(သို့ မဟုတ်)မိတ်ဆွေတွေနှင့်
ချစ်ခင်ရင်းနှီးမှုကို ပိုလာစေပါတယ်။ (ဆယ်ကျော်သက် ခေတ်လူငယ်
မြီးကောင်ပေါက်များ နှင့် ခေတ်နောက်ပြန်ဆွဲနေတဲ့ လူကြီးတို့ အကြား
အပြန်အလှန်နားလည်မှုရလာကာ ဆက်ဆံ ရေးချောမွေ့ လာစေနိုင်ပါတယ်)

(၃) ပုံမှန်မြင်တွေ နေ့ကျ မဟုတ်တဲ့ မြင်ကွင်းအသစ်များက
စိတ်လှုပ်ရှားတက်ကြွစေပါတယ်။ ဒါ့ပြင် စိတ်ကြည်လင် လန်းဆန်း လာပြီး
စိတ်ကျေနပ်မှုကို ခံစားရစေနိုင်ပါတယ်။(စိတ်ချမ်းသာမှုကလည်း
ကျန်းမာရေးအတွက် ၁၀၀ ရာခိုင်နှုန်းပြည့်နီးပါး အ ထောက် အပံ့ဖြစ်စေပါတယ် )
(၄) သွားလာလှုပ်ရှားရတာကြောင့် ချွေးထွက်ပြီး ကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။
(၅) နေရာအသစ်၏ ဘ၀နေထိုင်မှုပုံစံအသစ် နှင့်အတူ အဖိုးမဖြတ်နိုင်တဲ့
သေဒန္တရပတ်ဝန်းကျင်ကို လေ့လာနိုင်တာကြောင့် အသိပညာတိုးပွားစေပြီး၊
အသိအမြင်ပိုကြွယ်လာပါတယ်။
(၆) မစားဖူးသေးသော ဒေသသစ်အစားအစာတွေကို စားသုံးနိုင်ပြီး၊
ချက်ပြုတ်မှုပုံစံကို လေ့လာနိုင်ပါတယ်။
(၇) ဥပမာ ကချင်ပြည်နယ်(သို့ မဟုတ်)ကယားပြည်နယ်(သို
့မဟုတ်)နိုင်ငံခြားခရီးသို့ အပန်းဖြေထွက်တယ် ဆိုကြပါစို့ ။ ဒေသခံ
ဘာသာစကားသစ်များကို ဒေသခံကိုယ်တိုင်ပြောဆိုနေသည်ကို မြင်တွေ
့ကြားသိရတာကြောင့် သိမ်မွေ့ ကွဲပြားနေတဲ့ ဘာသာ စကားသစ်များ နှင့်အတူ
ဘ၀လူနေမှုပုံစံသစ်များကိပါ လေ့လာနိုင်ပါတယ်။
(၈) အလုပ်အကိုင်အခွင့်အလမ်းတွေ မျက်စိပွင့်နားပွင့်သွားပြီး၊
အဆက်အသွယ်အသစ်များလည်း ရရှိနိုင်ပါတယ်။
(၉) မိတ်ဆွေသစ်များနှင့် ခင်မင်ကျွမ်းဝင်မှုကြောင့် အတွေ့ အကြုံတွေ
ဝေမျှရင်း စိတ်ကြည်နူးမှုကိုရစေပါတယ်။
(၁၀) လူတွေသဘောကို လေ့လာနိုင်တာကြောင့် လူမှုပေါင်းသင်းဆက်ဆံရေး
တိုးတက်လာစေနိုင်ပါတယ်။
(၁၁) ခရီးမှ ပြန်ရောက်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်ဝင်တဲ့အခါတွင်လည်း
အလုပ်ထ်ဲမှာပိုမိုအားစိုက်နိုင်ပြီး၊ စိတ်ဖိစီးမှုမရှိဘဲ မိမိတာဝန်ကို
အတွေးသစ်ဖြင့် စီမံပုံဖော်နိုင်ပါတယ်။
(၁၂) ခရီးစဉ်တလျှောက် အတွေ့ အကြုံလေးများက မိမိနှင်တကွ
ခရီးဖော်ချစ်ခင်ရသူတွေအတွက် အမြဲတသသ အမှတ်တယ ရှိနေတော့မှာ ဖြစ်ပါတယ်။
မှတ်ချက်။
(က) ဥပမာ ပန်းနာရင်ကျပ်ဝေဒနာရှိသူများ၊ ၀က်ရူးပြန်ရောဂါ ရှိသူများ၊
လိပ်ခေါင်းဝေဒနာရှင်များ၊ နှလုံးရောဂါသည်များအဖို့  ခရီးမထွက်ခင် ဆရာဝန်
နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးပါ။ (ခ) ဥပမာ သွေးတိုးရောဂါရှိသူများ၊
ဝမ်းချုပ်တတ်သူများအဖို့  မိမိ သောက်နေကျဆေးဝါးများကို
လုံလုံလောက်လောက်ထည့် သွားပါ။ (ဂ) ပါဝါမျက်မှန်တပ်အမြဲတပ်ရသူများ က
မျက်မှန်အပိုရှိရင် ယူဆောင်သွားပါ။ (ဃ) အကယ်၍ မိမိအလည်အပတ်သွားမည့်
အရပ်ဟာ တုပ်ကွေး၊ ဌက်ဖျား၊ ၀မ်းရောဂါ ကူးစက်တတ်သော ဒေသဖြစ်နေပါက
ထိုရောဂါများမှ ကြိုတင်ကာကွယ်ထားသည့်အနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ကာ
ဆေးထိုး၊ ဆေးသောက်ပြုပါ (သို့ မဟုတ်) ကာကွယ်ဆေးများ အပိုဆောင်သွားပါ။(င)
ခရီးပင်ပန်းမှုဒဏ်ခံနိုင်ဖို့ နှင့် ကိုယ်ခံအားကောင်းစေဖို့ အတွက် အားရှိ
တဲ့အစားအစာတွေစားရင်း ဗီတာမင်စီ ဆေးပြားလေးတွေမှီဝဲပါ။ (စ) နောက်ကျောဒဏ်
နှင့် ခါးနာခြင်းမဖြစ်စေဖို့ အတွက် ဖြစ်နိုင် ရင် ဘီးပါသော
ခရီးဆောင်လက်ဆွဲအိတ်တွေကိုသာသုံးပါ။ (ဆ) အလှအပကိုဦးစားပေးတဲ့
ဖိနပ်မျိုးထက်၊ မိမိခြေထောက်နှင့် သက်တောင့်သက်သာဖြစ်စေမည့်
ဖိနပ်မျိုးကိုသာ ရွေးချယ်ပါ။ (ဇ) ခရီးသွားမည့် ကာလဒေသနှင့်လျော်ညီတဲ့
အ၀တ်အထည် များကို ယူဆောင်သွားပါ။
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...