slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Sunday, June 15, 2014

ကျောင်းကြီးနှင့်​မိုးရာသီ

မိုးရာသီ​ရောက်​လာ​တော့ စိတ်​ညစ်​ရပါတယ်​..
ကျောင်းသွားလို့ ယူနီ​ဖောင်း စိုသွားရင်​​တော့ ဒုက္ခပဲ ​ကျောင်းက​ဝေးတာတစ်​မျိုး အချိန်​မီ ချိုင့်​မထုပ်​နိုင်​ပါက ၀ယ်​စားရင်​ လိုက်​ပွဲနဲ့ဆိုရင်​ ၁၀၀၀ ကုန်​မယ်​....
ဒီကြားထဲ ​ကျောင်းစာသင်​ချိန်​ကများ​တော့ ဘာသာစုံပုံနှိပ်​ ယူလာလို့က​တော့ သွားပြီ...
စာအုပ်​က​လေးတာတမျိုး ..ထမင်းဖိုးမကုန်​​အောင်​ ချိုင့်​ထုပ်​ရတာတစ်​မျိုး...ဒုက္ခမျိုးစုံနဲ့ ​ကျောင်း​ရောက်​သွားသည်​။
အပြင်​ကလူ​တွေက​တွေ့ရင်​ ​ကျောင်းသွားတာလား ဒါမှမဟုတ်​ ဘုန်းကြီး​ကျောင်း ချိုင့်​သွားပို့တာလား ဒါမှမဟုတ်​ စစ်​ဖြစ်​လို့ ထွက်​​ပြေးလာတာလား ထင်​​နေလိမ့်​မည်​.....
ကျောင်းအုပ်​ဆရာမကြီးကလည်း စည်းကမ်း တင်းကျပ်​ပါသည်​။
ဆိုင်​ကယ်​ဦးထုတ်​မ​ဆောင်​ပါက ၁၀၀၀
ဆံပင်​အနက်​​ရောင်​မဟုတ်​ပါက ၁၀၀၀
ယောကျာင်္း​လေးများ နားကပ်​တပ်​ပါက ၁၀၀၀
Uniform ပုံစံမဖြစ်​ပါက တစ်​မျိုးအတွက်​ ၅၀၀
ကျောင်းသားကဒ်​မဆွဲပါက ၅၀၀
စသည့်​ဖြင့်​ အသီးသီးဒဏ်​​ငွေ​ဆောင်​ရပါသည်
ဒါ​ပေ့မယ်​ ဆရာမကြီးက သ​ဘော​ကောင်းပါသည်​။ ​နေ့တိုင်းလိုလို မစစ်​နိုင်​ပါ။
ကျောင်းတွင်း​ဘောလုံးပြိုင်​ပွဲတို့ ဘာတို့ ပွဲရှိမှ ရန်​ပုံ​ငွေ အတွက်​ ​ကောက်​ခြင်းဖြစ်​ပါတယ်​....
ကျောင်း​ဘောလုံးပွဲကလည်း အားရစရာပါ..
တ​ကျောင်းလုံးမှ သုံးသင်းပဲရှိသည်​။..
ပနှစ်​၊ဒုနှစ်​နှင့်​တနှစ်​တို့ပဲဖြစ်​သည်​။..
Sponser မရှိပါဘူးဗျာ ကိုယ့်​ အကျီင်္ဖိုး ဖိနပ်​ဖိုး ​ခြေအိတ်​ဖိုး ကိုယ်​စရိတ်​နဲ့ကိုယ်​ ၀ယ်​ရသညိ။
ကျောင်းမှာလူနည်းတာ​ကြောင့်​ တစ်​တန်းလုံးလိုလိုခင်​ကြပါတယ်​ခင်​ဗျာ...
တက်​ချင်​အုန်းဟဲ...ကွန်​ပျူတာတက္ကသိုလ်​....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...