slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Tuesday, June 24, 2014

သည်းခံတတ်​ပါ​စေ

မိတ်​​ဆွေတို့ သည်းခံ တတ်​​အောင်​ ကြိုးစားချင်​ရင်​ ခက်​တယ်​လို့ သင်​ထင်​ပါသလား? ကျွန်​​တော်​က​တော့ လွယ်​တယ်​တို့ ထင်​ပါတယ်​။ ဘာဖြစ်​လို့လဲ ဆို​တော့ MPT ကလိုင်းမ​ကောင်းတဲ့ အင်​တာနက်​နဲ့ တစ်​မိနစ်​ C+W က ​လေးကျပ်​ G က နှစ်​ကျပ်​ ပုံမှန်​ဖြတ်​ ​နေတာ​တောင်​ ကျွန်​​တော်​တို့က အပြုံးမပျက်​ဘဲ ​နေ့တိုင်းသုံး​နေမိတယ်​.... တစ်​ခါတစ်​ခါ တစ်​ခုခု ဖွင့်​မိလို့ Loading ဆိုတဲ့စာနဲ့ အ၀ိုင်းလည်​​နေတာ​တောင်​ ကျွန်​​တော်​တို့က တက်​မလာမချင်း သည်းခံစွာနဲ့ ​စောင့်​​နေမိတယ်​..... တစ်​ခါတစ်​ခါ လူသုံးများလို့ ဖြစ်​မှာပဲ​လေဆိုပြီး ညနှစ်​နာရီ သုံးနာရီ​တောင်​ ထသုံးမိတယ်​... အင်​တာနက်​ ပုံမှန်​သုံးလာ​တော့ သည်းခံစိတ်​ ပိုများလာ သလိုပဲ.... ​တောင်​ကိုရီးယားလို နိုင်​ငံမျိုးမှာ 5Gသုံးရတဲ့ အထိဖြစ်​​နေချိန်​မှာ ကျွန်​​တော်​တို့ မြန်​မာ နိုင်​ငံမှာ 3G မစစ်​တဲ့ 2.7G(or)2.8G​လောက် ကိုသုံး​နေရတာ ​တွေ့ရတယ်​ .... ကြားဖူးတာက​တော့ 3G စစ်​ရင်​ Video Calling ရတယ်​တဲ့ဗျာ။ Telenor တို့ Orredooတို့ ၀င်​လာပြီးဆို​တော့ လတ်​တစ်​ကမ်း​ရောက်​​နေပါပြီ... စိတ်​ရှည်​စွာဖြင့်​ ဆက်​သည်းခံကြ​ပေါ့ဗျာ.... :-) :-) :-)

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...