slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, August 2, 2014

လုပ်​ငန်းခွင်​၀င်​မည့်​ ဘွဲ့ရခါစ လူငယ်​များအတွက်​ အမှာစာ

လုပ်ငန်းခွင် ဝင်မည့် ဘွဲ့ရခါစ လူငယ်များသို့ အမှာစာ


၁။ ဘယ်အလုပ်မှ ဝင်ဝင်ချင်း သင်မျော်မှန်းသလောက် လစာ များများ မပေးပါ။

၂။ ကျောင်းမှာ သင်ထားတဲ့ သီအိုရီ အားလုံး လက်တွေ့ အသုံးချရလိမ့်မယ်လို့ တစ်ထစ်ချ မယုံကြည်ပါနဲ့။

၃။ ကျောင်းက သင်တဲ့ သီအိုရီ အပြင် အလုပ်ထဲကနေ သီအိုရီ အသစ်၊ နည်းဗျူဟာ အသစ်တွေ ရှိနေ လိမ့်မယ် ဆိုတာကို ယုံကြည်ပါ။

၎။ စီနီယာ များကို ကြောက်စရာ မလို။ သို့သော် မလေးမစား မပြုလုပ်ပါနှင့်။

၅။ လုပ်ငန်းခွင် ဒုက္ခ ရောက်တိုင်း အလုပ်မှ လူတိုင်းနှင့် မတိုင်မိ ပါစေနှင့်။

၆။ ကျောင်းနောက်ကျမှ သွား၍ အများဂရုစိုက်ခံရသော်လည်း ရုံးနောက်ကျမှ သွားလျှင် လစာ ဖြတ်မည်။

၇။ ပေးအပ်သော တာဝန်များကို များသည်၊ လွန်သည်ဟု တွေ့းမည့် အစား ဒါဟာ င့ါကို ပိုမို အဆင့်မြင့်မားသည့် နေရာ တစ်ခုကို တွန်းပို့ပေးမည့် အရာဟု လက်ခံ ယုံကြည်ပါ။

၈။ ခိုင်းတာကိုသာ ပြီးအောင် လုပ်ရုံနှင့် တာဝန်ကျေသည် မထင် ပါနှင့်။ သို့သော် မခိုင်းသည်များကို ဇွတ်လုပ်ပေး၍လည်း အမှတ်ရမည်ဟု မယူဆ ပါနှင့်။ (အရိပ်အကဲ ကြည့်၍ မိမိ အရည်အချင်း ကို ထုတ်ပြ နိုင်ပါစေ)

၉။ လုပ်ငန်းခွင်တွင်း လေ့လာပါ။ သို့သော် တစ်ဦးချင်း၏ လူမှုရေးများ သွားမစပ်စု ပါနှင့်။

၁၀။ အများကြီး ရှေ့တွေးစရာ မလို၊ လက်ရှိ အထက်က ခိုင်းသည့် အလုပ်ကိုသာ ပြီးအောင် လုပ်ပါ။

၁၁။ အလုပ် မပြီးက စိတ်ညစ်စရာ မလို။ အလုပ် မပြီးသည့် အကြောင်းသာ ရဲရဲ ဝံ့ဝံ့ ဝန်ခံပါ။

၁၂။ ၆ လ မပြည့်သေးပဲ အလုပ်ပြောင်းလျှင် ရှေ့ဆက် အခွင့်အလမ်းနှင့် တိုးတက်မှု အတွက် အခက်အခဲ ဖြစ်သည်။

၁၃။ အစည်းအဝေးတွင် သူများ ပြောတာ နားထောင်ပါ။ သို့သော် မိမိ အိုင်ဒီယာကို ပြောဆိုဖို့ တောင်းဆိုသည့် အခါ၊ အကြောင်းဖန်သည့် အခါ မစွံ့အ နေပါနှင့်။

၁၄။ ရို⁠ရိုသေသေ တောင်းဆိုရဲပါစေ၊ ငြ⁠င်းပယ်နိုင်စွမ်း ရှိပါစေ။ ပြောရဲ ဆိုရဲ ရှိပါစေ။

လုပ်ငန်းခွင် ဝင်စ လူငယ်များ အခက်အခဲများ ရှိပါက ရိုးရာလေး Facebook message နဲ့ Comment မှာ မေးနိုင် ပါတယ်။
 
Credit-အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...