slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, October 29, 2014

ရည်​စားမရှိဘဲ တစ်​​ယောက်​တည်းဖြစ်​​နေ​ပေ့မယ့်​ သင့်​ကို​ပျော်​ရွင်​​စေမယ့်​ အရာများ

ဘေးနားမှာ ချစ်သူမရှိတာ၊ ရည်းစားမရှိတာနဲ့ ဘ၀ဟာ တော်တော်ကို ပျော်စရာကင်းမဲ့သွားပြီလို့ ထင်မိကောင်း ထင်မိပါလိမ့်မယ်။ အမှန်တော့ ကိုယ်လုပ်ချင်တာလေးတွေ တစ်ယောက်တည်း လုပ်ရတာ၊ သွားချင်တဲ့နေရာလေး တစ်ယောက်တည်း သွားလိုက်ရတာ၊ စားချင်တာလေး တစ်ယောက်တည်း စားလိုက်ရတာမျိုးတွေဟာ အစပိုင်းမှာ အူကြောင်ကြောင်ဖြစ်သလို၊ ကြောက်စရာကောင်းနေနိုင်ပေမယ့် အချိန်လေးနည်းနည်းပေးလိုက်တာနဲ့ သင့်ကိုယ်သင် ရှာဖွေလာနိုင်ပါလိမ့်မယ်။ ဒီတော့ ခုဖော်ပြပေးမယ့် အရာတွေကို တစ်ယောက်တည်း လုပ်ဆောင်ရင်း ပျော်ရွှင်မှုကို ခံစားကြည့်လိုက်ပါ။

၁။ကိုယ့်ရဲ့အချိန်တစ်ချို့ကို ပျော်ရွှင်စရာကောင်းအောင် ဖန်တီးပါ။

သွားနေကျ မဟုတ်တဲ့ ပါတီပွဲတွေ၊ ဘားလိုနေရာမျိုးတွေကို တစ်ယောက်တည်းသွားမယ်ဆိုရင် နည်းနည်းအူကြောင်ကြောင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဟိုမှာ သူငယ်ချင်းသစ်တွေ ရလာမှာပါ။ သေချာတာကတော့ အစပိုင်း နည်းနည်း အူကြောင်ကြောင် ဖြစ်နိုင်ပေမယ့် နောက်ပိုင်း ပျော်စရာကောင်းတဲ့အချိန်လေးတွေ ပိုင်ဆိုင်လာရပါလိမ့်မယ်။

၂။ဖျော်ဖြေပွဲတွေ သွားပါ။

သူငယ်ချင်းတွေနဲ့သာ သွားခဲ့ဖူးတဲ့ ဖျော်ဖြေပွဲတွေကို တစ်ယောက်တည်းသွားကြည့်ရမှာ နည်းနည်းမရဲဘူးဖြစ်နေတတ်ကြပါတယ်။ ညပွဲမို့လို့ သွားရေးလာရေးအခက်အခဲရှိတယ်ဆိုရင်တောင် နေ့ဖျော်ဖြေပွဲတွေ သွားပြီး စိတ်လွတ်ကိုယ်လွတ် သီချင်းသံစဉ်တွေကြား လွင့်မျောကြည့်လိုက်ပါ။

၃။စနေ၊တနင်္ဂနွေ အားလပ်ရက်မှာ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ပါ။

အားလပ်ရက်မှာ ဘယ်သူ့ကိုမှ အချိန်ပေးစရာမလိုတော့တာမို့ ကိုယ့်စိတ်ကြိုက် ပန်းချီဆွဲတာ၊ အခန်းအပြင်အဆင်လေးတွေ ပြောင်းတာ၊ အင်္ကျံအ၀တ်အစားအတွက် ဒီဇိုင်းအသစ်တွေ ရွေးချယ်တာ၊ ကိုယ့်ဘာသာကိုယ် အ၀တ်အစားတွေမှာ ဟိုတပ် ဒီတပ်နဲ့ ဒီဇိုင်းသစ်လေးတွေ ဖန်တီးကြည့်တာ စတာတွေကို လုပ်ကြည့်ပါ။ ပင်ပန်းရင်တောင် ပျော်ရွှင်မှုကို သင်ခံစားရမှာပါ။

၎။ကော်ဖီသောက်ရင်း စာအုပ်ဖတ်ပါ။

အိမ်မှာမဟုတ်ဘဲ အေးဆေးတဲ့ ကော်ဖီဆိုင် တစ်ဆိုင်ဆိုင်ကို သွားပြီး ကော်ဖီသောက်ရင်း စာအုပ်ဖတ်ခြင်းဟာ သင့်စိတ်ကို လန်းဆန်းစေတယ်ဆိုတာ မယုံမရှိပါနဲ့။

၅။တစ်ယောက်တည်း ခရီးသွားပါ။

မိန်းကလေးတစ်ယောက်ဟာ အနည်းဆုံး တစ်ခါလောက်တော့ တစ်ဦးတည်း ခရီးသွားဖူးသင့်တယ်လို့ ဆိုထားကြပါတယ်။ ဒီလိုသွားလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ပိုအားကိုးတတ်လာမယ်၊ ယုံကြည်မှုလည်း ပိုရှိလာပါလိမ့်မယ်။

၆။သင်တန်းတစ်ခုခုတက်ပါ။

ကိုယ့်အတွက် အကျိုးရှိပြီး ကိုယ်စိတ်ဝင်စားမယ့် သင်တန်းတစ်ခုခု တက်ပါ။ ဘာသာရပ်တစ်ခုခုကို လေ့လာတာမျိုး လုပ်ပါ။

၇။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊ GYM ဆော့ပါ။

ကျန်းမာရေးအတွက်လည်း ကောင်းမယ်၊ ကိုယ့်အတွက်လည်း အပြောင်းအလဲဖြစ်စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ အဲ့ဒီကရတဲ့ ကျန်းမာရေးအကျိုးဆက်ကလည်း သင့်အတွက် ပျော်ရွှင်မှုတစ်ရပ် သယ်ဆောင်ပေးလာပါလိမ့်မယ်။

Ref:yourtango.com

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...