slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, October 29, 2014

Wifi ​ကြောက်​တဲ့ဘွားဘွား ​နေအိမ်​ကို wifi ကာကွယ်​​ဆေးသုတ်

(ဟာဝိုင်အီ)
ဝိုင်ဖိုင်ကြောက်တဲ့ဘွားဘွား ဟာ ဝိုင်ဖိုင်လိုင်းတွေက ကင်းလွတ်ဖို့ အတွက် သူမရဲ့နေအိမ်ကို ပေါင်လေး ထောင် အကုန်အကျခံပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စတီဖန်နီရက်ဆဲလ်လို့အမည် ရှိတဲ့ အဘွားအိုဟာ သူမရဲ့အိမ်ကို ဝိုင် ဖိုင်လိုင်းတွေက ကင်းလွတ်ဖို့ အိမ်နံရံ တွေကို ဝိုင်ဖိုင်လိုင်းကာကွယ်တားဆီး နိုင်တဲ့ဆေးတွေနဲ့ သုတ်စေခဲ့တယ်လို့ သိရပါတယ်။
အဘွားအိုစတီဖန်နီက သူမ ရဲ့ အိမ်အတွင်း အချက်ပြလိုင်းတွေကို အထူးထောက်လှမ်းနိုင်တဲ့ စက်ကိရိယာ ကိုပါ ဆောင်ထားတယ်လို့ သိရပါတယ်။
 
ရေဒီယိုလိုင်းတွေနဲ့ အနီးကပ် နေရင် ခေါင်းကိုက်တာတို့ နေမကောင်း ဖြစ်တာတို့ ခံစားရတဲ့ ရေဒီယိုလိုင်းတွေ နဲ့မတည့်တဲ့ရောဂါ အဘွားအိုက ခံစားနေရတယ်လို့ ဆိုပါတယ်။
သူမဟာ ဝိုင်ဖိုင်နဲ့မတည့်တဲ့ အတွက် အင်တာနက် အီးမေးလ်တို့ကို လုံးဝအသုံးမပြုတဲ့အကြောင်း ပြောပါ တယ်။ နေအိမ်အတွင်းအပြင်ကို ဝိုင် ဖိုင်လိုင်းကာကွယ်တဲ့ ဆေးသုတ်မှုဟာ ပြီးမြောက်သလောက်ရှိလာတာကြောင့် အခုအခါ ကျန်းမာရေးအခြေအနေ လည်း အတော်လေးကောင်းမွန်လာပြီး ပိုလုံခြုံလာတယ်လို့ ခံစားရတယ်လို့ ပြော ပြပါတယ်။

အဘွားအိုစတီဖန်က သူမ အိမ်ကို ဝိုင်ဖိုင်သုံးတဲ့ဧည့်သည်လာရင် တောင် အလိုမရှိဘူးလို့ ပြတ်ပြတ်သား သားပဲ ပြောပါတယ်။

Ref: Mirror
(ကျွန်​​တော်​တို့နဲ့များ ကွာပ wifi သုံးချင်​လွန်းလို့ wifiရတဲ့လက်​ဘက်​ရည်​ဆိုင်​ သွားရတာ အ​မော)
 

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...