slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, November 3, 2014

စွန်​၂​ကောင်



တစ်ခါတုန်းက ဘုရင်ကြီးဆီကို တောင်ပေါ်ဒေသကနေ အလွန်လှပတဲ့ စွန်ရဲ နှစ်ကောင်ကို လာရောက်ဆက်သသတဲ့။ ဘုရင်ကြီးကလဲ စွန်တွေကို နှစ်သက်တယ်။အ ရောင်အသွေးလဲ အရမ်းကောင်းပြီးတော့ လှပတဲ့နှုတ်သီးတွေလဲရှိတယ်။
အဲဒီငှက်နှစ်ကောင်ကို ဘုရင်ကြီးက ရွှေလှောင်အိမ်နှစ်ခုနဲ့မွေးမြူတယ်။ အချိန်တွေ ကြာလာတဲ့အခါ လှောင်အိမ်တစ်ခုက စွန်က လှောင်အိမ်ဖွင့်ပေးလိုက်ရင် ကောင်းကင်အထိပျံတက်ပြီးတော့ နေပေမယ့် နောက်စွန်တစ်ကောင်ကတော့ လှောင်အိမ်ထဲမှာပဲနေတယ်။ တံခါးဖွင့်ပေးလဲ မပျံဘူး။
အဲလိုနဲ့ ဘုရင်ကြီးဟာ ဒီစွန်ပျံအောင် လုပ်ဖို့ သူ့လူတွေကို အမိန့်ပေးတယ်။ သူ့လူတွေ ဘယ်လိုလုပ်လုပ် ငှက်ကမပျံဘူး။ လှောင်အိမ်ထဲမှာပဲနေတယ်။ နောက်ဆုံး နန်းတွင်းက လူတွေ အကုန်လက်လျော့လိုက်ကြတယ်။ ဘုရင်ကြီးကတော့ အမတ်တွေကို ခေါ်ပြီး ပျံအောင် လုပ်စေတယ်။ အမတ်တွေက အမျိုးမျိုး ပျံအောင်လုပ်ပေမယ့် အချိန်တန်ရင် ငှက်က လှောင်အိမ်ထဲမှာပဲနေတယ်။ နောက်ဆုံးတော့ လယ်သမားတစ်ယောက်ရောက်လာတယ်။ ငှက်ကို ပျံအောင်လုပ်ပေးမယ်ပေါ့။ နောက်တစ်နေ့မနက်မှာတော့ ဘုရင့်အစေအပါးက ၀မ်းသာစွာပြေးလာတယ်။
ဘုရင့်ကိုလဲ ငှက်ပျံနေပြီလို့ပြောတာပေါ့။ ဘုရင်ကြီးလဲ ထကြည့်တယ်။
ဟုတ်တယ်။ ငှက်ဟာ ဟိုးကောင်းကင်မှာ လေဟုန်စီးနေတယ်။
ဒါနဲ့လယ်သမားကိုခေါ်ပြီးတော့ ဒီငှက်ပျံအောင် ဘာလုပ်လိုက်တာလဲ လို့မေးတော့ လယ်သမားက " လွယ်လွယ်လေးပါ ဒီငှက်ဟာ လှောင်ချိုင့်ကို သူ့အိမ်လို့ထင်နေတယ်။ တကယ်တော့ ကောင်းကင်မှာ ပျော်ပါးရမှာကို မေ့နေတယ်။ အဲဒါကြောင့် သူခင်တွယ်တဲ့ လှောင်အိမ်ကို ဖျက်ဆီးပစ်လိုက်တယ်"
Credit-မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...