slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, November 3, 2014

ဆန္ဒ

လူတစ်ယောက်ဟာ ဆင်းရဲသားကလေးတစ်ယောက်က သူ့ကားကိုငေးကြည့်နေတာကို တွေ့ပါသတဲ့....
ကားပိုင်ရှင်ဟာ အဲ့ဒီနေ့မှာ စိတ်လက်ကြည်သာနေတော့ ကောင်လေးကို ကားခေါ်စီးဖြစ်ခဲ့တယ်... ကောင်လေးကတော့ သူ့ကံကောင်းပုံကို မယုံနိုင်ဖြစ်ပြီး လိုက်စီးတော့တာပေါ့....
ကောင်လေးက မေးတယ်... "ကားက အပျံစားပဲနော်... တကယ့် ဧရာမကြီး... ဘယ်လောက်တောင်ပေးရလဲဟင်..."
ကားပိုင်ရှင်က ပြန်ပြောတယ်.... "ငါလည်း အတိအကျတော့မသိဘူးကွ... ငါ့သူငယ်ချင်း ငါ့ကိုလက်ဆောင်ပေးထားတာ..."
"တော်တော်သဘောကောင်းတဲ့သူပဲနော်..." လို့ ကောင်လေးက မှတ်ချက်ချတယ်...
ကားပိုင်ရှင်က... "မင်းဘာတွေစဉ်းစားနေလဲဆိုတာ ငါသိပါတယ်... သူ့လိုသူငယ်ချင်းမျိုး မင်းလိုချင်နေတာမလား...." လို့ ပြန်မေးလိုက်တယ်...
ကောင်လေးပြန်ဖြေလိုက်တာက...
"မဟုတ်ဘူးဗျ... ကျွန်တော်က အဲ့လိုသူငယ်ချင်းမျိုးဖြစ်ချင်တာ...."
Credit to: နည်းစနစ်ကျကျအတွေးအခေါ်

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...