slider text


မဂၤလာပါခင္ဗ်ာ...Htun Reader ဘေလာ့မွ ၾကိဳဆိုပါတယ္...သတင္း ပို ့စ္ အသစ္မ်ား မတင္ႏိုင္ခဲ့ပါက ခြင့္လႊတ္ေပးၾကပါရန္ အႏူးအညႊတ္ေတာင္းပန္အပ္ပါတယ္..လာေရာက္လည္ပတ္တဲ့အတြက္ အထူးေက်းဇူးတင္လ်က္ပါ....

bannner animate

Monday, March 14, 2016

ဘြဲ႕လက္မွတ္ေတြ ခဏေမ့ထားလိုက္ရေအာင္

ဘြဲ႕ရၿပီးလို႔ ကိုယ္ဝါသနာပါရာကို ေလ်ာက္လမ္းေတာ့မယ္ဆိုရင္ လက္ရွိရရွိထားတဲ့ ဘြဲ႕ဆိုတဲ့ အရာကို ခဏေမ့ထားဖို႔ လိုပါတယ္။ ႏွစ္ေတြအေတာ္ၾကာ ဘြဲ႕ဆိုတဲ့ အရာႀကီးကို စုပ္ကိုင္ၿပီး မိမိလုပ္ခ်င္တဲ့ အလုပ္ကို မလုပ္ေသးဘူးဆိုရင္ေတာ့ ဘဝမွာ သူမ်ားေတြထက္စာရင္ အရမ္းေနာက္က်သြားပါၿပီ။
ဘြဲ႕ရၿပီးလို႔ ဘာဝါသနာ ပါမွန္းမသိ ျဖစ္ေနရင္မယ္ဆိုရင္ေတာ့ မေကာင္းပါဘူး။ ဝါသနာပါတဲ့ အလုပ္ကို မသိေသးဘူးဆိုရင္ လက္ရွိ ရွိတဲ့ အလုပ္ တစ္ခုခုကိုသာ ဝင္ေရာက္လုပ္ကိုင္ ၾကည့္ေစလိုပါတယ္။ ထိုမွ တစ္စတစ္စ အလုပ္ေတြလုပ္ရင္း ကိုယ္ဘယ္လို အလုပ္ေတြလုပ္ရတာ စိတ္ဝင္စားသလဲ ဆိုတာကို သိရွိၿပီးေတာ့ မိမိဝါသနာပါတဲ့ အလုပ္ကို ေတြ႕ရွိပါလိမ့္မယ္။ ဝါသနာပါတဲ့ အလုပ္ဆိုတာ တိတိက်က် ေျပာဖို႔ေတာ့ အေတာ္ခက္ပါလိမ့္မယ္။ ဒါေပမယ့္ မိမိလုပ္တဲ့ အလုပ္ကို စိတ္ဝင္စားတယ္၊ ႀကိဳက္တယ္ဆိုရင္ ဒါဟာ ဝါသနာပဲလို႔ အၾကမ္း သတ္မွတ္နိုင္ပါတယ္။


လူေတာ္ေတာ္မ်ားမ်ား ျဖစ္ေနတာကေတာ့ ဘြဲ႕နဲ႔ ဝါသနာနဲ႔ မကိုက္ညီတာပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ သိပ္ေတာ့အေရးမႀကီးေသးပါဘူး။ ခုနက ေျပာခဲ့သလိုပဲ အလုပ္ေတြလုပ္ရင္း ဝါသနာကို ရွာေဖြပါ။ လုပ္ကိုင္ၾကည့္ပါ။ အေတြ႕အၾကဳံေတြ ယူပါ။ ဒီလိုအလုပ္ေတြ လုပ္ေနတဲ့ အခါမွာ ဘြဲ႕လက္မွတ္ေတြကို ခဏေမ့ထားလိုက္ျခင္းဟာ အေကာင္းဆုံးပါပဲ။ အားလုံးေသာ ညီအကို ေမာင္ႏွမမ်ား ဘဝမွာ ေအာင္ျမင္နိုင္ၾကပါေစ။
ေက်ာ္လင္းနိုင္ (ရိုးရာေလး)
www.yoyarlay.com

(Unicode version)
ဘွဲ့လက်မှတ်တွေ ခဏမေ့ထားလိုက်ရအောင်
ဘွဲ့ရပြီးလို့ ကိုယ်ဝါသနာပါရာကို လျောက်လမ်းတော့မယ်ဆိုရင် လက်ရှိရရှိထားတဲ့ ဘွဲ့ဆိုတဲ့ အရာကို ခဏမေ့ထားဖို့ လိုပါတယ်။ နှစ်တွေအတော်ကြာ ဘွဲ့ဆိုတဲ့ အရာကြီးကို စုပ်ကိုင်ပြီး မိမိလုပ်ချင်တဲ့ အလုပ်ကို မလုပ်သေးဘူးဆိုရင်တော့ ဘဝမှာ သူများတွေထက်စာရင် အရမ်းနောက်ကျသွားပါပြီ။
ဘွဲ့ရပြီးလို့ ဘာဝါသနာ ပါမှန်းမသိ ဖြစ်နေရင်မယ်ဆိုရင်တော့ မကောင်းပါဘူး။ ဝါသနာပါတဲ့ အလုပ်ကို မသိသေးဘူးဆိုရင် လက်ရှိ ရှိတဲ့ အလုပ် တစ်ခုခုကိုသာ ဝင်ရောက်လုပ်ကိုင် ကြည့်စေလိုပါတယ်။ ထိုမှ တစ်စတစ်စ အလုပ်တွေလုပ်ရင်း ကိုယ်ဘယ်လို အလုပ်တွေလုပ်ရတာ စိတ်ဝင်စားသလဲ ဆိုတာကို သိရှိပြီးတော့ မိမိဝါသနာပါတဲ့ အလုပ်ကို တွေ့ရှိပါလိမ့်မယ်။ ဝါသနာပါတဲ့ အလုပ်ဆိုတာ တိတိကျကျ ပြောဖို့တော့ အတော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် မိမိလုပ်တဲ့ အလုပ်ကို စိတ်ဝင်စားတယ်၊ ကြိုက်တယ်ဆိုရင် ဒါဟာ ဝါသနာပဲလို့ အကြမ်း သတ်မှတ်နိုင်ပါတယ်။
လူတော်တော်များများ ဖြစ်နေတာကတော့ ဘွဲ့နဲ့ ဝါသနာနဲ့ မကိုက်ညီတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သိပ်တော့အရေးမကြီးသေးပါဘူး။ ခုနက ပြောခဲ့သလိုပဲ အလုပ်တွေလုပ်ရင်း ဝါသနာကို ရှာဖွေပါ။ လုပ်ကိုင်ကြည့်ပါ။ အတွေ့အကြုံတွေ ယူပါ။ ဒီလိုအလုပ်တွေ လုပ်နေတဲ့ အခါမှာ ဘွဲ့လက်မှတ်တွေကို ခဏမေ့ထားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ အားလုံးသော ညီအကို မောင်နှမများ ဘဝမှာ အောင်မြင်နိုင်ကြပါစေ။
ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...