slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, May 25, 2016

Web Hosting အကြောင်း သိမှတ်စရာ

Free Hosting
Free Hosting တွေကတော့ အများကြီးရှိပါတယ်။
Google မှာ Free web hosting ဆိုပြီးရှာလိုက်ရင် အများကြီးတွေ့ရပါလိမ့်မယ်။
ကျွန်တော်ကတော့ http://www.netfirms.com/ ကို စမ်းသုံးကြည့်စေချင်ပါတယ်။
Free Hosting တွေကတော့ အပေါ်ဆုံးမှာ သူတို့ရဲ့ ကြေညာတွေ တင်ထားလေ့ရှိပါတယ်။
Data ကို backup မလုပ်ပေးပါဘူး။ ကိုယ်ပိုင် website တင်မယ်ဆိုရင်တော့ ပြသနာမရှိပေမယ့် အလုပ် လုပ်မယ့် business website မျိုးဆိုရင်တော့ မကောင်းပါဘူး။
အဲဒိတော့ Free သုံးမလား ပိုက်ဆံပေးသုံးမလားဆိုတာ မိမိအသုံးပြု့ မယ်အပေါ်မှာမူတည်ရွေးချယ်သင့်ပါတယ်။
Paid Hosting
ပိုက်ဆံပေးရတဲ့ web hosting တွေကတော့ Site down မသွားအောင် mirror server တွေကို အများကြီးထားပေးပါတယ်။
Data ကို daily, weekly, monthly စသည်ဖြင့် backup လုပ်ပေးပါတယ်။
Web hosting ၀ယ်မယ်ဆိုရင် အထက်ပါအချက်တွေကို ဂရုပြုရွေးချယ်ရပါတယ်။
ဒါတွေအပြင် Bandwidth ဘယ်လောက်ရလဲ ကြည့်ရပါမယ်။ Bandwidth များရင် ကိုယ့် website ကို လူအများကြီး တစ်ပြိုင်နက် ကြည့်နိုင်မှာဖြစ်ပါတယ်။
အချို့ web hosting တွေက Bandwidth ကို fix လုပ်ထားပါတယ်။ သတ်မှတ်ချက်ထက်ကျော်ရင် ဖြတ်ချတတ်ပါတယ်။ အဲဒိလို အချိန်မှာ website down တာဖြစ်တတ်ပါတယ်။ အချို့ web hosting တွေကျတော့ Bandwidth ကို fix မလုပ်ပဲ ကျော်သွားတဲ့ ပမာဏပေါ် မူတည်ပြီး ပိုက်ဆံထပ်ကောက်ပါတယ်။
အဲဒိအချက်ကို web hosting မ၀ယ်ခင်ကတည်းက သေချာမေးမြန်းသင့်ပါတယ်။
web hosting အတော်များများ မှာ ၂၄ နာရီ ဆက်သွယ်လို့ရတဲ့ live chat တွေပါ ပါတယ်။
FTP ကတော့ File Transfer Protocol ဖြစ်ပါတယ်။ Free နှင့် ပိုက်ဆံပေးရတဲ့ web hosting နှစ်ခုစလုံးမှာပါ ပါတယ်။ ပိုက်ဆံပေးရတဲ့ web hosting ကတော့ သူရဲ့ FTP Server ကို Secure ဖြစ်အောင်ထားပေးပြီး File တွေကို FTP Server ပေါ်တင်နေစဉ် အချိန်အတွင်းမှာလည်း File မပျောက်အောင်၊ အခြားသူတစ်ဦး ခိုးယူမရအောင် တာ ၀န်ယူပေးပါတယ်။




Free web hosting တွေကတော့ အဲဒိအချက်တွေကို တာဝန်မယူပါဘူး။

Credit : Ethan ( Casper Blogspot )
Programming Wiki - စွယ်စုံ ပရိုဂရမ်းမင်း's photo.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...