ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာ အကြိမ်ကြိမ် သတင်းထွက်ပေါ်၊ ပေါက်ကြားမှုတွေ ဖြစ်လာခဲ့တဲ့ Oppo R9s နှင့် R9s Plus တို့ဟာ အခုတော့ ပရိသတ်တွေရဲ့ ရှေ့မှောက်သို့ တကယ်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခု Oppo က မိတ်ဆက် လာတဲ့ R9s နှင့် R9s Plus တို့ဟာ မတ်လတုန်းကမှ မိတ်ဆက်ရောင်းချခဲ့တဲ့ R9 နှင့် R9 Plus တို့ရဲ့ခြေရာကို ဆက်ခံတဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။
ယခင် R9 မှာ ကျောဘက်ကင်မရာ 13MP နှင့် Selfie ကင်မရာ 16MP ပါဝင်ပါတယ်။ R9 Plus မှာတော့ ရှေ့ရော နောက် ကင်မရာပါ 16MP ဆင်ဆာတွေ ဖြစ်ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ Oppo ဟာ R9s မှာရော R9s Plus မှာပါ ရှေ့/နောက် 16MP ကင်မရာဆင်ဆာတွေ သုံးလာပါတယ်။
Oppo R9s
ဖုန်းနှစ်မျိုးလုံးရဲ့ ကျောဘက်မှာ f/1.7 အလင်းဝင်ပေါက်ပါဝင်ပါတယ်။ R9s မှာ Electronic Image Stabilization ပါဝင်ပြီး R9s Plus မှာ Optical Image Stabilization ပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K နှင့် ပြုလုပ်နိုင်ပြီး LED Flash ပါဝင်ပါ တယ်။ Selfie ကင်မရာမှာ f/2.0 အလင်းဝင်ပေါက်ပါဝင်ပါတယ်။
Oppo R9s က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး 1080 p ရုပ်ထွက် သုံးထားပါတယ်။ Corning Gorilla Glss 5 မှန်ကို သုံး ထားပြီး 2.5D ပါဝင်ပါတယ်။ Snapdragon 625 Chipset နှင့် အထိုင်ချထားပြီး RAM4GB, တိုးမြှင့်နိုင်တဲ့ ROM64GB ပါဝင်ပါတယ်။ Home Botton မှာ လက်ဗွေရာစနစ် ထည့်သွင်းထားပါတယ်။ ဘက်ထရီ 3010 mAh သုံးထားပြီး VOOC အလျှင်အမြန် အားသွင်းစနစ် ပါဝင်ပါတယ်။ Color OS 3.0 အခြေခံတဲ့ Android 6.0.1 Marshmallow ပါဝင်ပါတယ်။
ဖုန်းရဲ့အတိုင်းအတာက 153×74.3×6.58 mm ဖြစ်ပြီး 145g လေးပါတယ်။ Oppo ရဲ့ ပြောကြားမှုအရ ဘောင်နှင့် မျက် နှာပြင် 1.66 mm သာ ကွာခြားပြီး မျက်နှာပြင်က ဘော်ဒီရဲ့၇၇.၅ % အချိုးရှိကြောင်း ပြောကြားထားပါတယ်။
Oppo R9s Plus က Plus ဆိုတဲ့အမည်ပါဝင်မှုနဲ့အညီ အရွယ်အစား ပိုပြီးတော့ ကြီးမားပါတယ်။ မျက်နှာပြင် ၆ လက်မရှိပြီး 1080 p ရုပ်ထွက် သုံးထားပါတယ်။ မျက်နှာပြင်နဲ့ ဘောင်အကြား 1.7 mm သာ ကွာခြားပြီး မျက်နှာပြင်က ဘောင်ဒီရဲ့ ၇၉ % အထိ ရယူထားပါတယ်။ Qualcomm ရဲ့ Snapdragon 653 SoC နှင့် အထိုင်ချထားပါတယ်။ RAM6GB/64GB ပါဝင်ပြီး ထပ်မံ တိုးမြှင့်နိုင်ပါတယ်။ Hybrid Dual SIM/ microSD သုံးထားပါတယ်။ Oppo R9s Plus မှာ 4000 mAh ဘက်ထရီပါ ၀င်ပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 163.63×80.8×7.35 mm ရှိပြီး အလေးချိန် 185 g လေးပါတယ်။ ကျန်တဲ့အစိတ်အ ပိုင်းတွေကတော့ Oppo R9s နှင့် အတူတူပါပဲ။
ဖုန်းနှစ်မျိုးစလုံးမှာ ပါဝင်တဲ့ အလျှင်အမြန်အားသွင်းစနစ်တွေက အလွန်ကောင်းမွန်ပါတယ်။ ငါးမိနစ်ခန့် အားသွင်းရုံနှင့် ၂ နာရီ ဖုန်းပြောနိုင်တဲ့ ပမာဏကို သွင်းနိုင်ပါမယ်။ ဖုန်းနှစ်မျိုးစလုံးမှာ Sony ရဲ့ IMX398 ဆင်ဆာ အသုံးပြုထားကာ Dual-focus စနစ် သုံးထားပါတယ်။ Phase Detection Autofocus ထက် Focus လုပ်ဆောင်မှု ၄၀ ရာခိုင်နှုန်း မြန်ဆန်ပါတယ်။
R9s ကို လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ဒေါ်လာ ၄၁၅ နှင့် စတင်ရောင်းချသွားမှာ ဖြစ်ပြီး အ နက်ရောင်၊ ရွှေရောင်၊ နှင်းဆီရွှေရောင်တို့ကို ရွေးချယ်နိုင်ပါမယ်။ R9s Plus ကို လာမယ့် ဒီဇင်ဘာလကျမှ စတင်ရောင်းချ မှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၅၁၃ ဖြစ်ပါတယ်။
Oppo ဟာ R9 တုန်းက တရုတ်နိုင်ငံပြင်ပ ဈေးကွက်တွေမှာ F1 Plus အမည်နှင့်ရောင်းချခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း Oppo ဟာ R9s ကို F1s Plus အမည်နှင့် ရောင်းချသွားဦးမလားဆိုတာ အတိအကျမသိရသေးပါဘူး။
Credit - inmya.com
No comments:
Post a Comment