slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Tuesday, November 8, 2016

မိန်းကလေးတိုင်း ချစ်သူဆီက လိုချင်တဲ့ နားလည်မှု (၅) မျိုး

နှစ်ကိုယ်တူဘဝ တည်ဆောက်ဖို့ အရေးကြီးတဲ့အချက်တွေလည်း ဖြစ်ပါတယ်။
ချစ်ရတဲ့ ချစ်သူနဲ့ ပတ်သတ်လာရင် မိန်းကလေးတိုင်းဟာ ကြီးစွာသော မျှော်လင့်ချက်နဲ့ ချစ်သူဆီက လိုချင်တဲ့ အရာများစွာ ရှိပါတယ်။ အရာအတော်များများဟာ ငွေကြေးနဲ့ ပစ္စည်းဥစ္စာတွေ မဟုတ်ပါဘူး။



၁။ အချိန်
ဘယ်လောက် အလုပ်ရှုပ်သူကို ချစ်သူတော်ထားရတာပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူဆီက အချိန်ပေးစကားပြောမှု၊ ဖုန်းပြောမှုကို မိန်းကလေးတွေ လိုချင်တတ်ကြပါတယ်။ ချစ်သူတွေကြား ဆက်ဆံရေးမှာ အချိန်ပေးနိုင်မှုက အဓိကပါ။ အမေရိကန် သမ္မတ အိုဘားမားတောင် ဇနီးဖြစ်သူကို ပုံမှန်အချိန်ပေးရလေ့ ရှိပါတယ်။
၂။ သစ္စာ
ဒါဟာ အမျိုးသားတွေဘက်ကမှ မဟုတ်ပါဘူး။ အမျိုးသမီးတွေဘက်ကလည်း စောင့်စည်းထိန်းသိမ်းထားရမယ့် အရာပါ။ အမျိုးသမီးအားလုံး ကိုယ့်ချစ်သူဆီက သစ္စာရှိမှုကို မဖြစ်မနေ လိုချင်ပါတယ်။
၃။ ချစ်စိတ်ပြင်းပြမှု
ချစ်စိတ်ပြင်းပြတယ်ဆိုတာ ချစ်တင်းနှောတာကိုသာ ဆိုလိုတာမဟုတ်ပါဘူး။ အချိန်တွေ ကုန်သွားလည်းပဲ ကိုယ့်ချစ်သူဆီက ကိုယ့်အပေါ် ပြင်းပြတဲ့ ချစ်ဇောနဲ့ ချစ်နေတာမျိုး၊ သတိရနေတာမျိုးကို အမျိုးသမီးတိုင်း လိုချင်ကြပါတယ်။
၎။ နားလည်မှု
ဒါကလည်း နှစ်ဖက်လုံး ထားရှိရမယ့်ကိစ္စပါ။ နားလည်မှုဆိုတာ အမျိုးသမီးတွေအတွက် ပိုပြီးအရေးကြီးပါတယ်။ အမျိုးသမီးတွေဘက်ကလည်း ကိုယ့်ချစ်သူကို ပြန်ပြီး နားလည်မှု ထားဖို့ လိုပါတယ်။ နားလည်မှုရဲ့ နောက်မှာ ယုံကြည်မှု ဆိုတာလည်း တစ်ခါတည်း ပါလာစမြဲပါ။
၅။ အနာဂတ် အစီအစဉ်
ကိုယ့်ချစ်သူမှာ အနာဂတ်အစီအစဉ်ကောင်း တစ်ခုရှိတာကိုတော့ မိန်းကလေးအားလုံး သဘောကျတတ်ကြပါတယ်။ နှစ်ဦးလုံးရဲ့အနာဂတ်အတွက် အမျိုးသားတွေဘက်မှာ မိသားစု စီမံကိန်းကောင်း တစ်ခု အနည်းဆုံးရှိရမှာပါ။ ဒါဟာ မိန်းကလေးတွေ မျှော်လင့်တဲ့ အရာဖြစ်ပါတယ်။
Source & Photos : Life
Credit - duwun 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...