slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, October 13, 2014

SAMSUNG Mobile Applications ဆုရသူများကို အ​မေရိကန်​​ဒေါ်လာ တစ်​​သောင်း​ကျော်​ ချီးမြှင့်မည်

SAMSUNG Mobile Applications ဆုရသူများကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ချီးမြှင့်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နည်းပညာ တိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တိုးချဲ့နိုင်ရေးအတွက် Mobile Applications ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ ဆုရရှိသူများကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ၁၁၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း SAMSUNG Electronic ကုမ္ပဏီမှ မြန်မာနိုင်ငံဆိုင်ရာ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး Mr. Nam Sik Ahn က ပြောကြားသည်။

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပသည့် Android Mobile Application ဒုတိယအကြိမ် သင်တန်းပေးခြင်း အခမ်းအနားတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

Mobile Apps ရေးနည်း သင်တန်းကို မန္တလေး ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးကို အောက်တိုဘာ ၇ ရက်မှ စတင်၍ တစ်လကြာ သင်တန်းပေး၍ Mobile Apps တစ်ခုစီအတွက် ကျောင်းသား နှစ်ဦးစီ ရေးဆွဲရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ Mobile Apps ရေးဆွဲနည်း သင်တန်းတွင် ဈေးဝယ်လမ်းညွှန်ဆိုင်ရာများ၊ လမ်းပြမြေပုံများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာများကို ရေးဆွဲယှဉ်ပြိုင်ရမည် ဖြစ်ကြာင်း SAMSUNG Electronic ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယင်းသင်တန်းမှ အကောင်းဆုံး Mobile Apps ၁၀ ခုကို ရွေးချယ်၍ ကျောင်းသား ၂၀ ဦးကို အမေရိကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်မည်ဖြစ်ကာ ဆုရကျောင်းသားများကို မွမ်းမံသင်တန်းပေး၍ Gand Final ပြိုင်ပွဲကို ယှဉ်ပြိုင်စေပြီး ပထမဆုရ ကျောင်းသားကို အမေရိကန်ဒေါ်လာ ၃၀၀၀၊ ဒုတိယဆုရသူကို အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် တတိယဆုရသူကို အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နည်းပညာ တိုးတက်မှုအတွက် တက္ကသိုလ်များနှင့် စက်မှုလုပ်ငန်းများကြား အပြန်အလှန် ပံ့ပိုးမှုဖြစ်ကာ ကျောင်းသားများအတွက် အထောက်အကူ ဖြစ်စေနိုင်သည်ဟု သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာစိုးက မှတ်ချက်ပြုသည်။

အကောင်းဆုံး Mobile Apps များ ရွေးချယ်မှုနှင့် Garnd Final ဆု ချီးမြှင့်ပွဲကို နိုဝင်ဘာလအတွင်း ပြုလုပ်မည် ဖြစ်သည်။ ပထမအကြိမ် Mobile Apps ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် SAMSUNG ကုမ္ပဏီကပင် ကျင်းပခဲ့သည်။
Credit -the voice weekly

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...